ငဖဲ မေ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို မေ ၅ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက ဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသော ကျေးရွာ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့် ကျေးရွာနှင့် လုံခြုံရေး ဆက်သွယ်ရေးကောင်းသည့် ကျေးရွာများကို ဦးစားပေး ရွေးချယ်နိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စီမံကိန်းကျေးရွာများရွေးချယ်နိုင်ရေး ဆွေးနွေးအကြံပြုကြရာ လိုင်အုပ်စု၊လိုင်ကျေးရွာ၊ ပင်ဦးအုပ်စု၊ ကံသာကျေးရွာ၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ မန်းဆုံကျေးရွာ၊ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်းဝကျေးရွာ၊ စည်သာကျေးရွာအုပ်စု၊ စည်သာကျေးရွာ၊လင်းတဲကျေးရွာအုပ်စု၊ လင်းတဲကျေးရွာတို့ကို စီမံကိန်း ကျေးရွာအဖြစ် အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။
ဇင်မာ