Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

07 May 22

ပွင့်ဖြူ       မေ      ၇
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူ များ မိသားစုဝင်ငွေ တိုးပွားစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက် လည်ပတ်မတည်ရန်ပုံငွေများဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မေ ၆ ရက်‌ေန့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှ ဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် အတူ  စိုက်ပျိုးရေးလုပ် ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စီမံကိန်း၏ ရည်မှန်းချက် ၊ မူဘောင်များနှင့် အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် စီမံကိန်း ချေးငွေများကို လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး အကျိုးရှိစွာ စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးမှာကြားသည်။
     ထို့နောက် ခရိုင်ဦးစီးမှူး၊  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ခုံစုကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်ထားရှိသော လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

        ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေမည့် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်စေခဲ့ရာ ယခုနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးအရင်း ငွေကျပ် ၅၂ ဒသမ ၁၅ သန်း ရရှိနေပြီဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှ သိရသည်။

          ဇင်မာ