Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရေရှိရေးလုပ်ငန်းများအတွက် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ပွဲကျင်းပ

07 May 22

မကွေး မေ ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကုန်ထုတ်လမ်း၊ တံတား နှင့် ရေရရှိရေးလုပ်ငန်းများအတွက် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ပွဲအခမ်းအနားကို မေလ ၇ ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်က တင်ဒါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ရေရရှိရေး လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ အောင်မြင်သူများစာရင်း ကြေညာပြီး အိတ်ဖွင့်တင်ဒါတင်သွင်းသူ များ၏ ရှေ့မှောက်တွင် ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးကြပြီး အခမ်းအနားကို နေ့လယ် ၁၂ နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ် လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်း ၈၅ ခု၊ တင်ဒါ Lot ၄၆ ခု၊ ပြည်ထောင်စုရန်ပုံငွေ ဖြင့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်း ၁၁၄ ခု၊ တင်ဒါ Lot ၇၃ ခု၊ စုစုပေါင်း လုပ်ငန်း ၁၉၉ ခု၊ တင်ဒါ Lot ၁၁၉ ခု ခွဲဝေထားရှိပြီး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးစီးမှူး ဦးစိုးမောင်ထံမှ သိရသည်။

မယ်သင်း