ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့်
လုပ်ငန်းတင်ဒါခေါ်ယူခြင်းအတွက်
တင်ဒါစိစစ်ရွေးချယ်ခြင်းအခမ်းအနား
၂၀၂၂ နှစ် မေလ (၇ ) ရက်
ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ 2022-2023 ခုဘဏ္ဍာရေး နှစ် ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား တင်ဒါစိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်လမ်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ တင်ဒါကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီမှ တင်ဒါစိစစ်ရွေးချယ် ခြင်းစည်းကမ်းနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် Lot (၁)ခုချင်းအလိုက် နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား ကော်မတီဝင်များ၊ ကုမ္ပဏီများ၏ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခြင်း၊ ရမှတ်များအားမှတ်တမ်းတင်ခြင်းများပြုလုပ်၍ တင်ဒါစိစစ်ရွေးချယ်ခြင်းဆောင်ရွက်ခဲ့ပါသည်။