Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ပွဲ ကျင်းပ

07 May 22

မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ ထပ်မံတိုးချဲ့အကောင်အ ထည်ဖော်ဆောင်ရွက်​ပေးနိုင်ရေးအတွက် စီမံကိန်းကျေးရွာရွေးချယ်ပွဲကို မေ ၆ရက် မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
  ရှေးဦးစွာ ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ကျော်အေး မှ အဖွင့်အမှာစကားပြောကြားသည်။
  ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ဆိပ်ဖြူမြို့ နယ် အတွင်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့်ကျေးရွာနှစ်ရွာထပ်မံဆောင်ရွက်ပေးရန် လျာထားကြောင်း၊ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးစီမံကိန်းကျေးရွာရွေးချယ်ရာ၌ထည့်သွင်းစဥ်းစားရမည့် အခြေခံမူအချက်အလက်များကို ရှင်းလင်းပြောကြားပြီးကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏စီမံကိန်းကျေးရွာရွေးချယ်ခြင်းသတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းတင်ပြသည်။
  ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အ ကောင်အထည်ဖော်ရေးတာဝန်ရှိသူများကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်လုပ်ငန်းများဆောင်ရွက်ရန် ချောင်းမကြီးကျေးရွာ အုပ်စု၊ချောင်းမကြီး(အရှေ့)ကျေးရွာ
နှင့်ချောင်းမကြီး(အနောက်)ကျေးရွာနှစ်ရွာကို ဦးစားပေးကျေးရွာအဖြစ် ပေါင်းစပ်ညှိုနှိုင်း၍ အတည်ပြုရွေး
ချယ်ပေးခဲ့ကြောင်း သိရသည်။
                                                    နွဲ့ယဥ်