Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်းဆင်းပွဲကျင်းပပြုလုပ်

07 May 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ဆည်မုန်းကျေးရွာအုပ်စု၊ ဆည်မုန်းကျေးရွာ၌ ကျေးလက်နေတောင်သူများ အတွက် ''စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်း"ဆင်းပွဲကို မေ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က  ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်သော မြို့နယ်ဖြစ်၍ ဒေသခံတောင်သူများ မြေမှန်၊ မျိုးမှန်၊ နည်းစနစ်မှန်မှန်ဖြင့် စိုက်ပျိုး၊ မွေးမြူနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အကျိုးအမြတ်ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းသူ သင်တန်းသား ၂၅ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ ဒေသခံတောင်သူများအတွက် လက်တွေ့ကျကျအသုံးချနိုင်သည့် သင်တန်းအား ရွေးချယ်ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနည်းတို့ကို စာတွေ့လက်တွေ့ဖြင့် ဧပြီ ၂၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး