မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ဇီးပင်ရိုးကျေးရွာ၌ မြ စိမ်းရောင်စီမံကိန်းဖြင့်အကောင်အ ထည်ဖော်ဆောင်ရွက်ထားသောလုပ်ငန်းများကို မေ ၆ရက်နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြစိမ်းရောင် စီမံကိန်းတာဝန်ခံ ဒေါ်ခင်ဆွေသက်နှင့်
ဝန်ထမ်းများကရေနံချောင်းမြို့နယ်၊
ဇီးပင်ရိုးကျေးရွာ ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း၃၀၀ဖြင့်ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့်လစဥ်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံများဖြည့်သွင်းထားခြင်းရှိ၊မရှိစစ်ဆေးပြီးလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
အဆိုပါဇီးပင်ရိုးကျေးရွာ၌မြစိမ်း ရောင်စီမံကိန်း ကို၂၀၂၁-၂၀၂၂(၆) ဘဏ္ဍာနှစ်တွင်စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၅၄ဦး၊
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ဦးစုစုပေါင်းငွေချေးယူသူအသင်းသား/အသင်းသူ ၁၀၈ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ်သိန်း၃၀၀ထုတ်ချေးထားကြောင်းရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ပြောပြ၍ သိရသည်။
နွဲ့ယဥ်