Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်

07 May 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စေတုတ္တရာမြို့နယ်၊ ကူတော်ကျေးရွာအုပ်စု၊ အောက်ဝေါကျေးရွာ၌ "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း"ဖွင့်ပွဲကို မေ ၆ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက အဆိုပါသင်တန်းအား အရင်းအနှီးနည်းပါးခြင်း၊ ပြုလုပ်ရလွယ်ကူခြင်း၊ ကုန်ကြမ်းလက်လှမ်းမီဝယ်ယူရရှိနိုင်ခြင်းနှင့် တပိုင်တနိုင်စီးပွားဖြစ်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များအားရှင်းလင်းတင်ပြပြီး သင်တန်းသူ သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

အောက်ဝေါကျေးရွာ၌ ကျင်းပပြုလုပ်သည့် "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း"တွင် ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်းများကို မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အောက်ဝေါကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူသင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး