မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီးဆိပ်ဖြူမြို့ နယ် ၊ချင်တောင်ကျေးရွာရှိကျေးလက်နေတောင်သူများအတွက်စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းကြီး ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး၊ဆိပ်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်၊ဆိပ်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဒေါက်တာဟန်လင်း ၊ ဆိပ်ဖြူမြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့်ဝန်ထမ်းများ၊ချင်တောင်ကျေးရွာမှသင်တန်းသား၊သင်တန်းသူများနှင့်ရပ် မိရပ်ဖများတက်ရောက်ကြောင်း သိရသည်။
ရှေးဦးစွာဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူးဦးအောင်ကျော်အေးက
အဖွင့်အမှာစကားပြောကြားပြီးနောက် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် ကစိုက်ပျိုးရေး၊မွေး မြူရေးလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသောဆိပ်ဖြူမြို့နယ်အတွင်းရှိကျေးလက်နေတောင် သူများအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် မြေမှန်မျိုးမှန်နည်းလမ်းမှန်မှန်ဖြင့်စိုက်ပျိုးလုပ် ကိုင်နိုင်ပါက သီးနှံအထွက်တိုးပြီးတောင်သူများ၏ဝင်ငွေတိုးပွားလာစေရန်နှင့်တိရစ္ဆာန်များမွေးမြူရာတွင်လည်းမျိုးကောင်းမျိုးသန့်များကိုရွေးချယ်မွေးမြူနိုင်ပြီး နည်းလမ်းမှန်မှန်ဖြင့်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင် တန်းများဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်ဆိပ်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဇော်မင်းနိုင်နှင့်ဆိပ်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါက်တာဟန်လင်းတို့က ဒေသနှင့်ကိုက်ညီသည့်စိုက်ပျိုးရေး၊မွေးမြူရေးနည်းစနစ်များဖြင့်သင်ကြားမည့်ဘာသာရပ်များကိုရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင်သဘာဝမြေသြဇာပြုလုပ်နည်း၊စိုက်ပျိုးရေးမှိုများစိုက် ပျိုးနည်း၊ကာကွယ်ဆေးထိုးနည်းပညာ ရပ်များကို စာတွေ့၊လက်တွေ့ဖြင့် မေ ၆ရက်နေ့မှ ၂၀ရက်နေ့ထိ (၁၅)ရက် ကြာသင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် က ပြောပြ ၍ သိရသည်။
နွဲ့ယဥ်