မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနကကျေးလက်နေပြည်သူများအသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်နှင့်အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ပန်းရန်ပညာရပ်သင်တန်းဖွင့်ပွဲကို မေ ၂ရက်နေ့ နံနက်ပိုင်းက အဆို ပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်း က ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အသက် မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များ၊သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကိုရှင်း လင်းပြောကြားပြီး တာဝန်ရှိသူများက သက်ထောက်ကူပစ္စည်းများကို သင် တန်းသားများအား ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင် တန်းသားဦးရေ၂၅ဦးတက်ရောက်ကြပြီး သင်တန်းတွင် အခြေခံပန်းရန် ပညာရပ်များကို ကျွမ်းကျင်ဆရာ ၂ ဦးက စာတွေ့၊လက်တွေ့ ရက်၁၅ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအေးထွန်းမင်း ကပြောပြ၍ သိရသည်။
နွဲ့ယဥ်