Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်သူများအတွက်စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်

04 May 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ဆည်မုန်းကျေးရွာအုပ်စု၊ ဆည်မုန်းကျေးရွာရှိ ကျေးလက်နေတောင်သူများ အတွက် ''စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်း"ကို ဧပြီ ၂၂ ရက်နေ့ မှ စတင်၍ ဖွင့်လှစ်ထားကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနည်းတို့ကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိရာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီ ၂၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပို့ချလျှက်ရှိပြီး ဆည်မုန်းကျေးရွာမှ သင်တန်းသူ ၇ ဦး၊ သင်တန်းသား ၁၈ ဦး၊ စုစုပေါင်း ၂၅ ဦး တက်ရောက်သင်ယူခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော မြို့နယ်ဖြစ်၍ ဒေသခံတောင်သူများ မြေမှန်၊ မျိုးမှန်၊ နည်းစနစ်မှန်မှန်ဖြင့် စိုက်ပျိုးနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အကျိုးအမြတ်ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အထွေး