Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်ဆူးလေကုန်းကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

03 May 22

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍
ဆူးလေကုန်းကျေးရွာ၌မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်ထားသောလုပ်ငန်းများကို မေ၂ရက်နေ့ညနေပိုင်း
က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုး
တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးရဲမင်းအောင်နှင့် စီမံကိန်းတာဝန်ခံဝန် ထမ်းများကဆူးလေကုန်းကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည် ပတ်ရန်ပုံငွေကျပ်၄၅၀သိန်းဖြင့်ဆောင် ရွက်ထားသော စိုက်ပျိုးရေး၊မွေးမြူ ရေး၊အရောင်းအဝယ်လုပ်ငန်း၊အသက် မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်လအ လိုက် ဖြည့်ထည့်သွင်းရမည့်ငွေစာရင်းပုံစံများဖြည့်သွင်းထားခြင်းရှိ၊မရှိစစ် ဆေးပြီးလိုအပ်သည်များပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
ဆူးလေကုန်းကျေးရွာ၌ မြစိမ်းရောင် စီမံကိန်း ကို၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၁၀၅ဦး၊ငွေကျပ်
၃၅၂သိန်း၊မွေးမြူရေးလုပ်ငန်းလုပ် ကိုင်သူ ၁၀ဦး၊ငွေကျပ်၃၆သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ
၁၉ဦး၊ငွေကျပ်၅၇သိန်း၊အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂
ဦး ၊ငွေကျပ် ၅သိန်း၊စုစုပေါင်းငွေချေးယူသူအသင်းသား/အသင်းသူ၁၃၆ဦးကို တစ်လလျှင်အတိုးတစ်ကျပ်နှုန်းဖြင့်အရင်းဆပ်ကာလအားတစ်နှစ်သတ် မှတ်ထားပြီးမြစိမ်းရောင်ကျေးရွာစီမံ ကိန်းလည်ပတ်ရန်ပုံငွေကျပ်၄၅၀သိန်းထိ ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
                                                     နွဲ့ယဥ်