Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရပ်​စောက်မြို့နယ်၊ ​ ညောင်ပင်သာကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း (အခမဲ့) ဖွင့်လှစ်

05 May 22

ရပ်​စောက်မြို့နယ်၊ ​ ညောင်ပင်သာ ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း (အခမဲ့) ဖွင့်လှစ်
=========================================================================================================
ရပ်စောက်  မေလ  ၅ ရက်
===================
 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်‌စောက်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ ဘက်စုံသုံးခန်းမ၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
 
ပထမဦးစွာ  ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က အဖွင့်အမှာစကားနှင့်  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်ပြီး သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဝင့်က အမှာစကား ပြောကြားခဲ့ ပြီးသင်တန်းနည်းပြဆရာမများက သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ နှင့်   သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော  တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
 
အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိညောင်ပင်သာကျေးရွာ၊ ထင်းကွင်းကျေးရွာ၊ မြေနီကျေးရွာ၊ နန်းဟူးကျေးရွာ နှင့် ရွာသစ်ကျေးရွာတို့မှ  သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် အခြေခံအပ်ချုပ်စက်နည်း နှင့် သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင်ဆရာမ (၂)ဦးက စာတွေ့၊လက်တွေ့ နှစ်မျိုးဖြင့် ယနေ့မှစ၍  မေလ ၃၁ရက်နေ့အထိ  အခမဲ့သင်ကြားပို့ချပေးသွားမည်ကြောင်း ရပ်​စောက်​မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦး​ရှေးရယ်ထံမှ  သိရသည်။