Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ

05 May 22

လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ
===============================================================================
တောင်ကြီး မေ ၅
============
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များနှင့်လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို  ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး(တောင်ကြီးမြို့)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကအမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး ကမိမိတို့ဌာနမှ ယခင်ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ယခုဘဏ္ဍာရေးနှစ်အတွင်းဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များအားရှင်းလင်းဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများကမိမိတို့ခရိုင်/မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သိရှိလိုသည်များအား မေးမြန်းတင်ပြဆွေးနွေးရာ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့သည်။
 
အဆိုပါ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်၂၀၂၂-၂၀၂၃ခုဘဏ္ဍာ ရေးနှစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးများတက်ရောက်ခဲ့ကြကြောင်းသိရသည်။