Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွာငံမြို့နယ် အင်းကုန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့)သင်တန်းဖွင့်လှစ်

05 May 22

ရွာငံမြို့နယ် အင်းကုန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့)သင်တန်းဖွင့်လှစ်
===========================================================
ရွာငံ မေ ၅
========
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် အထောက် အကူပြုစေရေး၊ လူနေမှုဘဝမြှင့်တင်ရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းကို အင်းကုန်းကျေးရွာ ချယ်ရီခန်းမ၌ ယနေ့နံနက် ၉နာရီ ကဖွင့်လှစ်ခဲ့သည်။
 
ရှေးဦးစွာ ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန် ကသင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွာငံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ကသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များအားရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအား သင်တန်းသား၊ သင်တန်းသူများထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
 
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ ၂၀ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သဘာဝကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း အစရှိသည်များအား ကျွမ်းကျင်ဆရာများက စာတွေ့လက်တွေ့ ၇ရက်ကြာအခမဲ့သင်ကြားပို့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။