Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သပြေလှကျေးရွာ၌ မြစိမ်ရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သောဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

05 May 22

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၌ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှ မြစိမ်းရောင်စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာယခုအခါတွင် အဆိုပါကျေးရွာမြစိမ်းရောင်စီမံကိန်းမှရရှိလာသော အတိုးရငွေဖြင့် ဆောင်ရွက် ပေးလျက်ရှိသော ကျေးရွာတွင်း ကျောက်ရောမြေခင်ခြင်းလုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေ များကို မေ ၄ရက် နံနက်က ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

ချင်းခင်ကျေးရွာအုပ်စု၊သပြေလှကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေအနက်မှ ငွေကျပ် ၁၁၆ သိန်းဖြင့်  ကျေးရွာတွင်းလမ်း အရှည်ပေ ၂၈၀၀၊ အကျယ် ၁၂ပေ၊ထု ၉လက်မရှိ ကျောက်ရောမြေခင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကို ဖြူးမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် “မြစိမ်းရောင်စီမံကိန်းမှ ရရှိလာတဲ့ အတိုးရငွေကို ကျေးရွာတွင်းမှ ကျောက်ရောမြေခင်းခြင်း ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့ကျေးရွာအတွက် စီပွားရေး၊ လူမှုရေးအခက်အခဲများကို များစွာအဆင်ပြေရှိမှုလာစေတယ်ဗျာ၊ ပီးတော့ ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ သူများလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်တက်တဲ့ အလေ့အကျင့် ကောင်းကို ရရှိလာတယ်”လို့ ကျေးရွာမြစိမ်းရောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေရွာတွင်းကျောက်ရောမြေခင်း ခြင်းလုပ်ငန်းကို ဧပြီလ တတိယအပတ်မှစ၍ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းတွင် ၇၅ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။