ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နတ်မောက်ကျေးရွာအုပ်စု နတ်မောက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို မေ ၂ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်မျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းသန်းဇော်က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစားစီပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် လူမှုဘဝအဆင့်အတန်းမြင့်မားလာစေရန် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်သင်တန်းနည်ပြဆရာမက သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ နတ်မောက်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ကျေးရွာများမှ သင်တန်းသူ စုစုပေါင်း ၂၅ဦးတက်ရောက်ကြပြီး သင်တန်းကာလတစ်လကြာ စာတွေ့၊ လက်တွေ့အခမဲ့ သင်ကြားပေးမည့်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။