သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အသိပညာများကိုလည်းသင်တန်းသူ/သားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမမှ သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ကြကြောင်း သိရသည်။
အောက်လှိုင်းကျေးရွာ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အောက်လှိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တင်ရောက်ခဲ့ကြပြီး၊ မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက် ၃၀ ကြာ ဖွက့်လှစ်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး