ကော့သောင်းခရိုင်တွင် သံကူကွန်ကရစ်တွက်ချက်ခြင်းနှင့်မြေတိုင်းတာခြင်းသင်တန်းဖွင့်
ကော့သောင်း၊မေ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကော့သောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက သံကူကွန်ကရစ်တွက်ချက်ခြင်းနှင့်မြေတိုင်းတာခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီ မိနစ် ၃၀ က အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင်ကော့သောင်းခရိုင်ကျေးလက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးစိုးဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို ဂရုတစိုက်လေ့လာသင်ယူမှတ်သားကြစေလိုကြောင်း၊သင်ခန်းစာများကို လက်တွေ့အသုံးချ နိုင်ရန် သင်တန်းသားအချင်းချင်း မိမိဒေသအလိုက် အတွေ့အကြုံများ ဖလှယ်ကြစေလိုကြောင်း ပြောကြား သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ကော့သောင်းခရိုင် ကျေးလက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးစိုးဝေ၊ မြို့နယ်ဦးစီးမှူး ဦးသူရိန်ထွန်း၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၆)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ မေ(၆)ရက်အထိ (၅)ရက်ကြာ စတွေ့လက်တွေ့ အခမဲ့ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ကျေးလက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးဝေ က ပြောပြသည်။