Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စေတုတ္တရာမြို့နယ် ကျောက်မွဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေး

03 May 22

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်မွဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို မေလ ၂ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် အတိုး အရင်းများကို သတ်မှတ်ကာလအတွင်း ပြေကြေစွာ ပေးဆပ်ကြစေလိုကြောင်း၊ စီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြစေရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးသန့်နိုင်၊ အငယ်တန်းစာရေး ဦးဆွေမြင့်ထွန်း နှင့် ကျောက်မွဲကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၈ ဦး၊ ငွေကျပ် ၁၉ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး၊ ငွေကျပ် ၈ ဒသမ ၄ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး၊ ငွေကျပ် ၂ သန်း၊ စုစုပေါင်း အသင်းသား ၅၆ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၀ ဒသမ ၃ သန်း ထုတ်ချေးပေးခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စေတုတ္တရာ  မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

အထွေး