Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သောက်သုံးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး"

30 April 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေများရရှိစေရန် ရည်ရွယ်၍ မိုင်းဇင်းကျေးရွာအုပ်စု၊မိုင်းဇင်း(နောင်လုံ)ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်း၊မြို့နယ်ဦးစီးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများသည် ကျေးရွာ ရေကော်မတီဝင်များနှင့်အတူ မိုင်းဇင်း(နောင်လုံ)ကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်း အရှည် ၄ မိုင်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများရေရှည်တည်တံ့စေရန် ကျေးရွာသူ၊ ကျေးရွာသားများမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

          မိုင်းဇင်း(နောင်လုံ)ကျေးရွာတွင် အဆိုပါလုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၀၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။