ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းလားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဝမ်တာပုံကျေးရွာအုပ်စု၊ နမ့်ကာကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁ ဒသမ ၃ သန်းဖြင့် ဆောင်ရွက် သော လုပ်ငန်းများကို ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းလားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာရဲမောင်နှင့်တာဝန်ရှိသူများသည် နမ့်ကာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နမ့်ကာကျေးရွာတွင် အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာနှစ်က အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သန်း ၃၀ ဖြင့် စတင်အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အသင်းသား အသင်းသူ ၇၈ ဦးအား လည်ပတ်ရန်ပုံငွေ ကျပ် ၃၁ ဒသမ ၃ သန်းအထိ ထုတ်ချေးနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။