ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထုထောင်ခြင်းလုပ်ငန်းစီမံကိန်းရှင်းလင်းခြင်းနှင့် အဆိုပြုလွှာများစိစစ်ခြင်း ဆောင်ရွက်
မိုင်းယောင်း၊ လူမှုရေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ရုံး၌ ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်းလုပ်ငန်းစဉ် ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းအဆိုပြုလွှာများ စိစစ်ခြင်း ဆောင်ရွက်သည်။
ရှေးဦးစွာ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစံလင်းက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူဆောင်ခြင်းလုပ်ငန်း RBF စီမံကိန်းကိူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ရာတွင် အနည်းဆုံး အိမ်ထောင်စု ၅ စု မှ ၁၅ စု အထိ ပါဝင်ကာ စိတ်တူကိုယ်တူ သူများဖြင့် စုဖွဲ့ရမည် ဖြစ်ကြောင်းနှင့် ကျေးရွာ ၁ ရွာလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းထောက်ပံ့ပေးကာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်၍ ကျေးလက်စီးပွား တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်း များက ဟောင်ကြန့်ကျေးရွာအုပ်စုရှိ ယမ်းခမ်းကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့အတွက် တော်ဝင် မိုင်းယောင်းသမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသည့် ဆန်စက်တည်ထောင် လည်ပတ်ခြင်းလုပ် ငန်းအား ထောက်ပံ့ချေးငွေထုတ်ပေးနိုင်ရန် စီမံကိန်းလုပ်ငန်းစဉ်များ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်း အဆိုပြုလွှာခေါ်ယူခြင်း ဆောင်ရွက်ပြီး မြို့နယ်ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေလုပ်ငန်းအဖွဲ့မှ အဆိုပြုလွှာများ စိစစ်အတည်ပြုခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မောင်အိုးစည်