ရန်ကုန်တိုင်းဒေသကြီး ၊တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၃၄ ရွာရှိပြီး အရင်း/ အတိုးများအား အကျေပြန်လည်ပေးဆပ်လျက်ရှိရာ အရင်း/အတိုး အကျေပေးဆပ်သည့် ကျေးရွာ များအား နေ့ချင်းပြန်လည်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
ဧပြီ ၂၈ရက် နံနက်၁၁နာရီက ငှက်ပျောစုကျေးရွာ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်တင်မာလွင်နေအိမ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စာဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး ၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၃၂၃သိန်းကို အသင်းသား ၁၄၄ဦးသို့ တတိယအကြိမ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် ဝန်ထမ်းအဖွဲ့က ကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဥက္ကဌ ဒေါ်တင်မာလွင်နှင့် အဖွဲ့ဝင်များက မြစိမ်းရောင်စီမံကိန်းချေးငွေအောင်မြင်သူ များကို နေ့ချင်းပြီးပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။