Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျိုင်းတုံမြို့နယ်၌ ဝန်ထမ်း စွမ်းဆောင်ရည်မြင့် တင်ရေး Revit Architecture သင်တန်းဖွင့်လှစ် "

02 May 22

ကျိုင်းတုံမြို့နယ်၌ ဝန်ထမ်း စွမ်းဆောင်ရည်မြင့် တင်ရေး Revit Architecture သင်တန်းဖွင့်လှစ်

 ကျိုင်းတုံမြို့၊ မေလ ၂ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ် ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင် ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည် မြှင့်မား‌ စေရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ (Revit Architecture) သင်တန်း ဖွင့်ပွဲ ကို ယနေ့ နံနက်ပိုင်းက အဆိုပါ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းသန့်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းသူ/သားများ အနေဖြင့် သင်တန်းမှ ပို့ချမှု များအား သေချာစွာလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိအောင် ပြန်လည်အသုံးချဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြ ဆရာများက သင်တန်းတွင် ပို့ချ သင်ကြားမည့် သင်ခန်းစာများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများအား သင်တန်း သား/သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Revit Architecture သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်/ခရိုင်/မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသူ/သား(၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၂.၅.၂၀၂၂) ရက်နေ့မှ (၂၀.၅.၂၀၂၂)ရ က်နေ့ထိ (၁၈) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိ ရသည်။