မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ်၊အရှေ့ကံတွင်းကျေးရွာအုပ်စု၊ရွှေဒါးကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်အတူ အင်ဂျင်နီယာဝန်ထမ်းများ ဧပြီ ၂၁ရက်နံနက်ပိုင်းက မြေနေရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြေနေရာများကွင်းဆင်းစစ် ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် နှင့် အင်ဂျင်နီယာဝန်ထမ်းများ က အရှေ့ကံတွင်းကျေးရွာအုပ်စု၊ရွှေဒါးကျေးရွာရေရရှိရေး ကော်မတီဝင်များ ၊ကျေးရွာမှတာဝန်ရှိသူများနှင့်အတူကျေးရွာအတွင်းလက်ရှိရေသုံးစွဲနေမှုအခြေအနေ၊သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်ရန်မြေနေရာရရှိနိုင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် ကကျေးရွာရေရရှိရေးကော်မတီဝင်များ
နှင့်ကျေးရွာမှ တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောပြပြီးလုပ်ငန်းလုပ်ကိုင်ရာတွင်လည်းဒေသခံများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆိပ်ဖြူမြို့နယ်၊အရှေ့ကံတွင်းကျေး ရွာအုပ်စု၊ရွှေဒါးကျေးရွာ၌ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တွင် ကျေးရွာနေ ပြည်သူများဘေးကင်းလုံခြုံပြီးသန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင် ပြေ ချောမွေ့လွယ်ကူစေရန်အတွက်မြေပြင်အခြေအနေများကို လုပ်ငန်းမစတင်မီ ကြိုတင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေး လက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် ထံမှ သိရသည်။
နွဲ့ယဥ်