Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်တောင်ငယ်လုံးကျေး ရွာ၌ VRFP စီမံကိန်းလုပ်ငန်းများစစ်ဆေး

25 April 22

မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အ ကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားစေပြီဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ တောင်ငယ်လုံး ကျေးရွာ ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း
(VRFP)ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ထားသောလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
နှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတာဝန်ခံ ဝန်ထမ်းများကတောင်ငယ်လုံးကျေးရွာ၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့်ဆောင်ရွက်ထားသောစိုက်ပျိုးရေးလုပ်ငန်းများ၊မွေးမြူ ရေးလုပ်ငန်းများ၊အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့်အရောင်းအ ဝယ်လုပ်ငန်းများ လစဥ်ဖြည့်သွင်းရ
မည့်ငွေစာရင်းပုံစံများအားစနစ်တကျဖြည့်သွင်းထားခြင်းရှိ၊မရှိနှင့်စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ် ဆေးပြီးလိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
     အဆိုပါတောင်ငယ်လုံးကျေးရွာ ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း
(VRFP )ကို၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က
Type -2 အမျိုးအစားဖြင့်စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်သူ ၃၅ဦး၊ငွေကျပ် ၁၁၆သိန်း၊မွေး မြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆ဦး၊ငွေကျပ် ၄၉သိန်း၊ အရောင်းအဝယ်လုပ် ငန်းလုပ်ကိုင်သူ ကိုးဦး ၊ ငွေကျပ်၂၈
သိန်းနှင့်အသက်မွေးဝမ်းကျောင်းလုပ် ငန်းလုပ်ကိုင်သူ နှစ်ဦး၊ငွေကျပ်ငါးသိန်း
စုစုပေါင်း ငွေချေးယူသူအသင်းသား၊အသင်းသူ ၆၂ဦး၊ငွေကျပ် ၁၉၈သိန်းထုတ်ချေးထားကြောင်း မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင်က ပြောပြ၍သိရသည်။
                                                      နွဲ့ယဥ်