Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်​အတွင်းရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့်ကျေးရွာငါးရွာ၌ မြေနေရာများ ကွင်းဆင်းစစ်ဆေး

27 April 22

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ်၊ထမ္မကောက်ကျေးရွာအုပ်စု၊အထက်ကွေ့တိုကျေးရွာ ၊အရှေ့ကံတွင်းကျေးရွာအုပ်စု၊ ရွှေဒါးကျေးရွာ၊ကူရှည်ကျေးရွာအုပ်စု၊မြောက်တောကျေးရွာ၊ကျောင်းရွာကျေးရွာအုပ်စု၊ကမ္ဘားနီကျေးရွာနှင့်ကူရှည်ကျေးရွာအုပ်စု၊မြေပုကျေးရွာတို့၌ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်အတူ အင်ဂျင်နီယာဝန်ထမ်းများ ဧပြီ ၂၆ရက်နံနက်ပိုင်းက မြေနေရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   ထိုသို့  ​မြေနေရာများကွင်းဆင်းစစ် ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် နှင့် အင်ဂျင်နီယာဝန်ထမ်းများ က ရေရရှိရေးနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်မည့်ကျေးရွာငါးရွာမှ ရေရရှိရေး ကော်မတီဝင်များ ၊ကျေးရွာမှတာဝန်ရှိသူများ နှင့်အတူကျေးရွာအ တွင်းလက်ရှိရေသုံးစွဲနေမှုအခြေအနေ၊သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရန်မြေနေရာရရှိနိုင်မှုအခြေ အနေများကိုကြည့်ရှုစစ်ဆေးပြီး မြို့
နယ်ဦးစီးမှူးဦးရဲမင်းအောင် ကကျေးရွာရေရရှိရေးကော်မတီဝင်များ နှင့်ကျေး ရွာမှ တာဝန်ရှိသူများအား မကြာမီကာလအတွင်းလုပ်ငန်းစတင်ဆောင် ရွက်နိုင်ရန်အတွက် ယခုအချိန်တွင် တင်ဒါခေါ်ယူလျက်ရှိကြောင်းရှင်းလင်းပြော​ပြပြီးလုပ်ငန်းလုပ်ကိုင်ရာတွင်
လည်းဒေသခံများအနေဖြင့် ​တင်ဒါအောင်မြင်သည့်ကုမ္ပဏီများကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
  အဆိုပါရေရရှိရေးဆောင်ရွက်
မည့်ကျေးရွာငါးရွာ ကို၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင်စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီကျေးရွာနေ ပြည်သူများ ဘေးကင်းလုံခြုံပြီးသန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေ
ချောမွေ့လွယ်ကူစေရန်အတွက်မြေပြင်အခြေအနေများကို လုပ်ငန်းမစတင်မီ ကြိုတင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ် ကြောင်း ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
                                                      နွဲ့ယဥ်