မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍
လိပ်ခြံကျေးရွာ၌မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်ထားသောလုပ်ငန်းများကို ဧပြီ ၃၀ရက်နံနက်ပိုင်းက တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုး
တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးရဲမင်းအောင်နှင့် စီမံကိန်းတာဝန်ခံဝန် ထမ်းများကလိပ်ခြံကျေးရွာ ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန် ပုံငွေကျပ်၃၅၇သိန်းဖြင့်ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်း၊အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့်လအ လိုက် ဖြည့်ထည့်သွင်းရမည့်ငွေစာရင်းပုံစံများဖြည့်သွင်းထားခြင်းရှိ၊မရှိစစ် ဆေးပြီးလိုအပ်သည်များပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
လိပ်ခြံ ကျေးရွာ၌ မြစိမ်းရောင် စီမံ ကိန်း ကို၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၁၀၂ဦး၊ငွေကျပ်
၂၃၄သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၆ဦး၊ငွေကျပ်၁၀၂သိန်း၊အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူငါးဦး၊ငွေကျပ်၁၄သိန်း၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူသုံးဦး ၊ငွေကျပ် ၇ သိန်း၊စုစုပေါင်းငွေချေးယူသူအသင်း သား/အသင်းသူ ၁၅၆ဦးကို တစ်လလျှင်အတိုးနှုန်းပြား၅၀နှုန်းဖြင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန် ပုံငွေကျပ်၃၅၇သိန်းထိ ထုတ်ချေးထားနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က ပြောပြ၍ သိရသည်။
နွဲ့ယဥ်