သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကုန်ထုတ်လမ်း၊ တံတား နှင့် ရေရရှိရေးလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်းကြီးရဲမှူးကြီး သူရသွင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမောင်က တင်ဒါစည်းမျဥ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ တင်ဒါခေါ်ယူထားသည့် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများ၏ Lot ခွဲဝေထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မကွေးတိုင်းဒေသကြီး တင်ဒါကော်မတီမှ တာဝန်ရှိသူများက တင်ဒါဝယ်ယူလျှောက်ထားခဲ့သော လုပ်ငန်းရှင်ကုမ္ပဏီများ၏ Technical Proposal များကို ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်။
အဆိုပါတင်ဒါဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ မကွေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ တင်ဒါလျှောက်ထားသောလုပ်ငန်းရှင်ကုမ္ပဏီ ၃၅ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်း ၈၅ ခု၊ တင်ဒါ Lot ၄၆ ခု၊ ပြည်ထောင်စုရန်ပုံငွေ ဖြင့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်း ၁၁၄ ခု၊ တင်ဒါ Lot ၇၃ ခု၊ စုစုပေါင်း လုပ်ငန်း ၁၉၉ ခု၊ တင်ဒါ Lot ၁၁၉ ခု ခွဲဝေထားရှိကြောင်း မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမောင်ထံမှ သိရသည်။
အထွေး