Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်ကြီးမြို့နယ် ကျောက်တဲကျေးရွာ၌ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကွင်းဆင်းဆောင်ရွက်

29 April 22

တောင်ကြီးမြို့နယ် ကျောက်တဲကျေးရွာ၌ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကွင်းဆင်းဆောင်ရွက်
==============================================================================
တောင်ကြီး  ဧပြီလ  ၂၉ ရက်
======================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများသန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျောက်တဲကျေးရွာတွင်  ကျေးရွာစွန့်ပစ်အမှိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း နှင့် ဝန်ထမ်းများက ကျောက်တဲကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ နှင့်တွေ့ဆုံပြီး ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
 
ထို့နောက် မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ဦးဆောင်၍ အဆိုပါကျေးရွာများရှိ ကျေးရွာသူ၊ ကျေးရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ကျေးရွာအဝင်ရှိ ခြုံနွယ်သစ်ပင် များခုတ်ထွင်ရှင်းလင်းခြင်း၊မြက်ပင်များရှင်းလင်းခြင်းနှင့်ကျေးရွာတွင်း စွန့်ပစ်အမှိုက်များကို စုပေါင်းကောက် ယူခြင်းများဆောင် ရွက်ပြီး  သတ် မှတ် ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
 
တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို အဆိုပါကျေးရွာ အပါအဝင် စုစုပေါင်း ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ကျေးရွာ(၁၈)ရွာ၌အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်း ထံမှသိရသည်။