Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ရပ်စောက်မြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ ကျေးရွာ ကွင်းဆင်းဆောင်ရွက်

28 April 22

ရပ်စောက်မြို့နယ်ရှိ  ကျေးရွာ(၂)ရွာ၌ ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ကွင်းဆင်းဆောင်ရွက်
===============================================================
ရပ်စောက်  ဧပြီလ  ၂၇ ရက်
==================
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊    ရပ်စောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများသန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသော ဆတ်သေကျေးရွာနှင့် သရက်သုံးပင်ကျေးရွာတို့ တွင်  ကျေးရွာစွန့်ပစ်အမှိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာများ သို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်စောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ် နှင့် ဝန်ထမ်းများက ဆတ်သေကျေးရွာ  နှင့် သရက်သုံးပင်ကျေးရွာတို့ရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ နှင့်တွေ့ဆုံပြီးကျေးရွာ  စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုး ကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
 
ထို့နောက်  မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ဦးဆောင်၍ အဆိုပါကျေးရွာများရှိ ကျေးရွာသူ၊ ကျေးရွာသားများနှင့်ပူးပေါင်းကာ ကောင်းမွန်သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ကျေးရွာအဝင်ရှိ ခြုံနွယ်သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊မြက်ပင်များရှင်းလင်းခြင်းနှင့်ကျေးရွာတွင်း စွန့်ပစ်အမှိုက်များကို စုပေါင်းကောက်ယူခြင်းများဆောင်ရွက်ပြီး  သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
 
ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို အဆိုပါကျေးရွာနှစ်ရွာ အပါအဝင် စုစုပေါင်း ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာ(၁၃)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးရှေးရယ်ထံမှ သိရသည်။