Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွာငံမြို့နယ် လူးကျေးရွာတွင်ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

28 April 22

ရွာငံမြို့နယ် လူးကျေးရွာတွင်ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး
========================================================
ရွာငံ ဧပြီ ၂၈
=========
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာအုပ်စု၊ လူးကျေးရွာတွင် ကျေးရွာတွင်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် နှင့်ဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီမှုရှိ၊ မရှိစစ်ဆေးပြီး၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်ကျေးရွာသူ ကျေးရွာသားများမှဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မြို့နယ်ဦးစီးမှူး ကဆွေးနွေးမှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
 
လူးကျေးရွာတွင် ကျေးရွာတွင်းကျောက်ချောလမ်းအရှည် ၁၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈လက်မခင်းခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ်ခြောက်လတာကာလတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ် ၂၃သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ် ၁၂၃သိန်းဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် မတ်လပထမပတ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ရွာငံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက် ကပြောပြ၍သိရသည်။