Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တင်ဒါစည်းကမ်းချက်များအားချပြရှင်းလင်းခြင်းဆောင်ရွက်

25 April 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများနှင့်ပတ်သက်သောစည်းကမ်းချက်များချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ Vedio Conferencing စနစ်ဖြင့် အဖွင့်အမှာစကား တက်ရောက်ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်မှ တင်ဒါစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်မှတည်ဆောက်ရေးလုပ်ငန်းများ၏ သတ်မှတ်စံချိန်စံညွှန်းများအား ချပြရှင်းလင်းခဲ့ရာ တင်ဒါကော်မတီဝင်များ၊ တင်ဒါလျှောက်ထားသောကုမ္ပဏီများမှ သိလိုသည်များ မေးမြန်းဆွေးနွေးရာ ပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။