Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

27 April 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ် သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ဧပြီလ ၂၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှုးကြီး ဉာဏ်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ယခုဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနများနှင့်ပူးပေါင်း၍ လုပ်ငန်းတာဝန်များအလိုက် ညှိနှိုင်းဆွေးနွေးရမည့်အချက် များကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသောကော်မတီဝင်များက လိုအပ်သည် များကို ဆွေးနွေးတင်ပြရာ ကော်မတီဥက္ကဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှုးကြီး ဉာဏ်မြင့်ကျော်၊ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။