စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ
၂၀၁၅−၂၀၁၆ခုနှစ်မှ ၂၀၁၉−၂၀၂၀ခုနှစ်အတွင်း ကျေးလက်ဒေသများ၏ အခြေခံရေပေးရေး ဝန်ဆောင်မှုတိုးတက်မှုအခြေအနေ
၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အထိကို “ရေဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ဆယ်စုနှစ်” ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံက သတ်မှတ် ထားရှိပြီးအဆိုပါဆယ်စုနှစ်အတွက် ရေဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသတွင်း၌သာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ အတူတကွ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၁၉၉၃ တွင် ရေချို ၏ အရေးပါမှု နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ရေချို အရင်းအမြစ် စီမံ ထိန်းသိမ်း ခြင်း ရည်ရွယ်ချက်ဖြင့် UN က မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့ အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပ လာခဲ့ရာတွင် ၂၀၁၉ခုနှစ် အတွက် ကမ္ဘာ့ရေနေ့ (theme) သည် “No One Left Behind” "မည်သူ့မျှမချန်ခဲ့" ဖြစ်ပြီး "အားလုံး အတွက် ရေနှင့်သန့်ရှင်းမှု လက်လှမ်းမီစေနိုင်မှု နှင့် ရေရှည် ဖွံဖြိုး နိုင်စေမည့် စီမံခန့်ခွဲမှု များကို သေချာစေရမည်" ဟုဆိုသည့် "စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၆" “Sustainable Development Goal No 6” နှင့် တိုက်ရိုက် ဆက်နွယ် ဆက်စပ် ဆောင်ရွက်လျက် ရှိပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ များတွင် နေထိုင်ကြသော ကျေးလက်နေပြည်သူများ၊ အိမ်ထောင်စုများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး၊ ဖွံ့ဖြိုးမှု နောက်ကျ မကျန်စေရေး ဆောင်ရွက်သည့်နည်းတူ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ရရှိရေး အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများအတွက် ကောင်းမွန်၍ အကာအကွယ် ရှိသော သောက်သုံးရေ ဝန်ဆောင်မှု ရရှိသည့် စုစုပေါင်း ရာခိုင်နှုန်းမှာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၅၅.၁ ရာခိုင်နှုန်း သာ ရှိခဲ့ရမှ ၂၀၁၉-၂၀၂၀ ခုနှစ် စစ်တမ်းအရ ၇၇.၅ ရာခိုင်နှုန်း အထိ တိုးတက်လာ၍ (၅) နှစ်အတွင်း ၂၂ ရာခိုင်နှုန်း တိုးတက် လာကြောင်း တွေ့ရှိရပါသည်။ အဆိုပါ တိုးတက်မှု ရလာဒ်သည် ကျေးလက်ဒေသများတွင် ကျေးလက်ဦးစီးအပါအဝင်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ NGO INGOများ နှင့် JICA, UNICEF, World Bank စသည့် နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှု ရလာဒ်ဖြစ်ပြီး သောက်သုံးရေ ရရှိရေး လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကျေးလက်နေပြည်သူများ သန့်ရှင်း၍ ကျန်းမာ ဘေးကင်းသော သောက်သုံးရေ နှင့် ပတ်သက်သည့် အသိပညာဗဟုသုတ တိုးတက်ရရှိခြင်း၏ အသီးအပွင့်လည်း ဖြစ်ပါသည်။
စည်ပင်သာယာရေးဦးစီးဌာန လက်ထက် ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်၍ ကျေးလက်ရေရရှိရေး (၁၀)နှစ် စီမံကိန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ အနေဖြင့် လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၄၀၀၂၉)ရွာတွင် ကျေးလက် ရေရရှိရေး လုပ်ငန်းပါင်း (၄၇၈၅၉)ခု ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ခုနှစ် မှ ၂၀၁၉−၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၁၀၅၇၁)ရွာတွင်ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း (၁၃၅၅၁)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိုသို့ ဆောင်ရွက်ပေးနိုင်ခြင်း အားဖြင့် မြန်မာနိုင်ငံအတွင်း ကျေးလက် ဒေသများရှိ ရေရှားပါသော ကျေးရွာများ ရေရရှိအောင် ဆောင်ရွက် နိုင်ခဲ့ပြီး ရေလုံလောက်မှုမရှိသော ကျေးရွာများအား ရေဖူလုံ သွားစေသည့်အပြင် ရေဖူလုံသော ကျေးရွာများတွင် ပိုမိုကောင်းမွန်သော ရေပေးရေး ဝန်ဆောင်မှုများ အထူးသဖြင့် ရေမီတာတပ် အိမ်တိုင်ရာရောက် ပိုက်လိုင်းစနစ်နှင့် ရေသန့်စင် စနစ်များ အသုံးပြုနိုင် ခဲ့သဖြင့် လူဦးရေ စုစုပေါင်း(၇.၂)သန်းကျော်အား အကျိုးပြုနိုင်ခဲ့ပါသည်။
အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည့် ရေပေးရေးလုပ်ငန်းအများအစားများအနေဖြင့်
(၁) စက်ရေတွင်း(တွင်းနက်)တူးဖေါ်ခြင်းလုပ်ငန်း (အနက်ပေ ၂၀၀ အထက်) ၂၁ %
(၂) စက်ရေတွင်း(တွင်းတိမ်)တူးဖေါ်ခြင်းလုပ်ငန်း (အနက်ပေ ၂၀၀ အထိ) ၁၉ %
(၃) လက်တူးတွင်းတူးဖေါ်ခြင်းလုပ်ငန်း ၁၁%
(၄) မြေသားရေကန်တူးဖေါ်ခြင်းလုပ်ငန်း ၁၂%
(၅) စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ၁၁%
(၆) မြေသားရေကန်နှင့်ရေပေးရေးလုပ်ငန်းများ ခြံစည်းရိုးကာရံခြင်း၊
ရေသန့်စင်စစ်စနစ် များအပါအဝင် ရေပေးရေးလုပ်ငန်းအဆင့်မြှင့်တင်ခြင်း ၂၆% စသည်ဖြင့်ရေအရင်းအမြစ်များမှရေရယူ၍ လုပ်ငန်းအမျိုးအစားများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရာသီဥတုဖြစ်စဉ်ပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာသည်နှင့် အမျှ စိမ့်စမ်းများ ခမ်းခြောက် လာခြင်း၊ စက်ရေတွင်း(တွင်းနက်)များ တူးဖေါ်ရန် ခက်ခဲလာခြင်း စသော ပြဿနာများလည်း နှစ်စဉ် ကြုံတွေ့ လာရ သော်လည်းနှစ်စဉ် လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် အထက်ဖေါ်ပြပါ ရာခိုင်နှုန်း အလိုက် အချိုးညီညီဖြင့်ဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ၂၀၃၀ တွင် လူသား အားလုံး သန်ရှင်း၍ ဘေးကင်း သော သောက်သုံးရေ ရရှိနိုင်မည်ဟုယုံကြည်ပါသည်။
တဖက်မှလည်း ဆောင်ရွက်ပြီးဖြစ်သော ရေအရင်းအမြစ်များ ခမ်းခြောက်မှု မရှိရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ရာသီဉတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် လုပ်ငန်း များကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လျက်ရှိပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် လည်း ရေအရင်းအမြစ်စိမ့်စမ်းရေထွက်များနှင့် ရေဝဲရေလဲ သစ်တောများ အားသက်ဆိုင်သည့် ဌာန အဖွဲ့အစည်းများနှင့်ပူးပါင်း၍ ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး မူဝါတစ်ရပ်အနေဖြင့် ထည့်သွင်း ပြဌာန်းထား ပါသည်။
၂၀၁၉ ခုနှစ်တွင်ကောက်ယူခဲ့သော ကြားဖြတ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ကောင်းမွန်၍ အကာအကွယ်ရှိသော သောက်သုံးရေ အရင်းအမြစ်များမှ ရယူသုံးစွဲမှုသည့် ပမာဏမှာ သိသာစွာ မြင့်မားလာကြောင်း တွေ့ရှိရပါသည်။ စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအိမ်ထောင်စုအားလုံး၏ (၇၇) ရာခိုင်နှုန်းသည် ကောင်းမွန်ပြီး အကာအကွယ် ရှိသော ရေအရင်းအမြစ်များမှရေကို သောက်ရေအဖြစ် ရယူသုံးစွဲပြီး ၎င်းတို့အနက် ရေတွင်း နှင် အကာအရံရှိ၍ စနစ်တကျ တူးဖော်ထားသော လက်တူးတွင်းများမှ ရေရယူသုံးစွဲသည့် အိမ်ထောင်စု မှာ (၄၇) ရာခိုင်နှုန်းနှင့် အိမ်ထောင်စုသုံး ရေသန့်စက်အပါအဝင် ရေသန့်ဘူး၊ ပုလင်း နှင့် ရေသန့်စင်စနစ်မှ ရေရယူသုံးစွဲသော အိမ်ထောင်စုအရေအတွက်မှာ (၈) ရာခိုင်နှုန်း အထိ ရရှိနေကြောင်း တွေ့ရှိရပါသည်။ တိုင်းဒေသကြီး နှင် ပြည်နယ်များအလိုက် ကောင်းမွန်ပြီး အကာအကွယ် ရှိသော ရေ အရင်းအမြစ်များမှ အများဆုံး ရေရယူသုံးစွဲမှုနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှာ နေပြည်တော် အပါအဝင် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့ ဖြစ်ပြီး အနည်းဆုံး တိုင်းဒေသကြီး/ ပြည်နယ်များမှာ ရခိုင်ပြည်နယ် (၄၄.၃) ရာခိုင်နှုန်း ၊ ဧရာဝတီတိုင်း ဒေသကြီး (၆၅.၃) ရာခိုင်နှုန်း နှင့် ချင်းပြည်နယ် (၇၂.၃) ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်းတွေ့ရှိရပါသည်။
သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုတိုးတက်ရရှိရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် ၂၀၃၀ ပြည့်နှစ် တွင် ကျေးလက်နေ ပြည်သူများ အားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်အား ပြည့်မီနိုင်ရေး သက်ဆိုင်သူများ၊ ဌာနဆိုင်ရာများ နှင့် အတူလက်တွဲ၍ ကြိုးပမ်း ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သည် သက်ဆိုင်ရာ မိတ်ဘက် အဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကာ MSDP ပါ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြိုးပမ်းခြင်းဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၆ ကို အရယူနိုင်မည် ဖြစ်ပါကြောင်း နှင့် မြန်မာ့ ကျေးလက်နေ ပြည်သူများအတွက် အကောင်းဆုံး သောက်သုံးရေ ဝ ကျေးလက်ရေရရှိရေး မဟာဗျူဟာ နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၁၃။ ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်ဒေသနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ပတ် ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ကျေးလက်ရေရရှိရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အခြားဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ယူနီဆက်အပါအဝင် အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော လုပ်ငန်းအဖွဲ့ (Task Force)မှ ၂၀၁၅ခုနှစ်၊ မေလ မှစတင်၍ ရေးဆွဲပြုစုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတည်ပြုထုတ်ဝေခဲ့ ပါသည်။၂၀၁၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျေးလက်ဒေသများ၌ ရေရရှိရေး လွှမ်းခြုံမှု (၆၃%)ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ရေရရှိရေးလွှမ်းခြုံမှု(၇၇%)ထိ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပါသည်။၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသများ၌ ရေရရှိရေးလွှမ်းခြုံမှု (၇၀%)ရရှိစေရန် ကျေးလက်ရေရရှိရေးမဟာဗျူဟာတွင် ခန့်မှန်းလျာထားခဲ့သည်အနက် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျေးလက်ရေရရှိရေးမဟာဗျူဟာလျာထားချက်ထက် ပိုမိုဆောင်ရွက် နိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင်ကောက်ယူခဲ့သော ကြားဖြတ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ကောင်းမွန်၍ အကာအကွယ်ရှိသော သောက်သုံးရေ အရင်းအမြစ်များမှ ရယူသုံးစွဲမှုသည့် ပမာဏမှာ သိသာစွာ မြင့်မားလာကြောင်း တွေ့ရှိရပါသည်။ စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအိမ်ထောင်စုအားလုံး၏ (၇၇) ရာခိုင်နှုန်းသည် ကောင်းမွန်ပြီး အကာအကွယ် ရှိသော ရေအရင်းအမြစ်များမှရေကို သောက်ရေအဖြစ် ရယူသုံးစွဲပြီး ၎င်းတို့အနက် ရေတွင်း နှင် အကာအရံရှိ၍ စနစ်တကျ တူးဖော်ထားသော လက်တူးတွင်းများမှ ရေရယူသုံးစွဲသည့် အိမ်ထောင်စု မှာ (၄၇) ရာခိုင်နှုန်းနှင့် အိမ်ထောင်စုသုံး ရေသန့်စက်အပါအဝင် ရေသန့်ဘူး၊ ပုလင်း နှင့် ရေသန့်စင်စနစ်မှ ရေရယူသုံးစွဲသော အိမ်ထောင်စုအရေအတွက်မှာ (၈) ရာခိုင်နှုန်း အထိ ရရှိနေကြောင်း တွေ့ရှိရပါသည်။ကမ္ဘာ့ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) (Goal 6: Ensure access to water and sanitation for all) ပြည့်မီစေရေးအတွက် သန့်ရှင်းသော သောက်သုံးရေ(Safety Managed Drinking Water)ရရှိရေးတွင် ရန်ပုံငွေထပ်တိုးလျာထားဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် သန့်ရှင်းသော သောက်သုံးရေ ပိုမိုတိုးတက်ရရှိရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် ၂၀၃၀ ပြည့်နှစ် တွင် ကျေးလက်နေ ပြည်သူများ အားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်အား ပြည့်မီနိုင်ရေး အတွက်လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန သည် သက်ဆိုင်သူများ၊ ဌာနဆိုင်ရာများ သက်ဆိုင်ရာ မိတ်ဘက် အဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကာ MSDP ပါ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကြိုးပမ်းခြင်းဖြင့် ၊သောက်သုံးရေ ရရှိရေး(Safety Managed Drinking Water Supply)လုပ်ငန်းများ၊ကျေးလက်ရေရရှိရေးမဟာဗျူဟာအရ ထပ်မံလိုအပ်သော ရေပေးဝေရေးဝန်ဆောင်မှုများ၊ နည်းပညာအရ ခက်ခဲသောလုပ်ငန်းများ၊ ပိုမိုကောင်းမွန်သော ရေပေးရေးဝန်ဆောင်မှုအဆင့်များ တက်လှမ်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်လာပါက ကျေးလက်ရေပေးဝေရေး မဟာဗျူဟာရည်မှန်းချက်အတိုင်း အောင်မြင်နိုင်ပြီး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ကာ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(SDG)အတိုင်း အချိန်မီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
SDG
၁၄။ ကမ္ဘာ့ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၆) (Goal 6: Ensure access to water and sanitation for all)၊ အညွှန်းကိန်း(၆.၁)(Indicator 6.1)ပါ ရည်မှန်းချက်ဖြစ်သော၂၀၃၀ပြည့်နှစ်တွင် ကျေးလက်နေပြည်သူများအားလုံး အကျိုးရှိပြီး စရိတ်ကျခံနိုင်သည့် ဝန်ဆောင်မှုများကို ရရှိသုံးစွဲနိုင်ရေး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)၊ အညွှန်းကိန်း(၅.၃.၅) (Indicator ၅.၃.၅)ပါ ပြည်သူများ သောက်သုံးရေ ဘေးကင်းလုံခြုံစွာ သုံးစွဲရေး အလေ့ကျင့်ကောင်းများ မြင့်မားလာစေရန်၊ စသည့် ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကျေးလက်ရေရရှိရေး မဟာဗျူဟာများနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်ဒေသများသို့ နှစ်စဉ်ကျေးရွာ(၂၀၀၀)တွင် အခြေခံရေရရှိရေး(Basic Water Supply)နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး(Safety Managed Drinking Water Supply)ကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ဘဏ္ဍာငွေလျာထား ဆောင်ရွက်ပေး နိုင်ပါက၊ ပြည်ထောင်စုအဆင့်ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးမဟာဗျူဟာအရ ထပ်မံလိုအပ်သော ရေပေးဝေရေးဝန်ဆောင်မှုများ၊ နည်းပညာအရ ခက်ခဲသောလုပ်ငန်းများ၊ ပိုမိုကောင်းမွန်သော ရေပေးရေးဝန်ဆောင်မှုအဆင့်များ တက်လှမ်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်လာပါက ကျေးလက်ရေပေးဝေရေး မဟာဗျူဟာရည်မှန်းချက်အတိုင်း အောင်မြင်နိုင်ပြီး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)အတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ကာ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(SDG)အတိုင်း အချိန်မီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
န်ဆောင်မှုများ ဆောင်ကျဉ်း ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။