Covid-19 ထိခိုက်မှုကြောင့် သက်ရောက်မှုများ သက်သာစေရန်အတွက် စီမံကိန်း လက်စွဲစာစောင်ပါ ပြဌာန်းချက်၊ ကျေးလက်ဥပဒေနှင့်အညီ အတိုးနှုန်းအား ပြား (၅၀) နှုန်းသို့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ၂၀၂၁ ခုနှစ်၊ မတ်လထိ တစ်နှစ်တိတိ လျော့ချသတ်မှတ်ပေးခဲ့ သည့်အတွက် ငွေကျပ် (၃၄.၇၅၄) ဘီလီယံခန့် သက်သာစေခဲ့ပါသည်။ ဒုတိယအကြိမ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အတိုး (၅၀) ပြားနှုန်း သို့ အတိုးနှုန်းဖြေလျော့မှုအား သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။