စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်(GEC)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို (၂၁.၁.၂၀၂၁)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ သမဝါယမဦးစီးဌာန၊ဧည့်သည်တော်မှ အမှာစကားပြေကြားပြီး၊သဘာပတိမှ အဖွင့်အမှာစကားပြောကြားကြသည်။ထို့နောက် GEC ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဏရေးနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာအားဖတ်ကြားခြင်း၊၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် ဘဏ္ဏာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာ ဖတ်ကြားခြင်း၊တက်ရောက်လာကြသော အသင်းသားများမှ ဆွေးနွေးခြင်း/ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့်အတည်ပြုချက်ရယူခြင်း၊အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်(၅)ဦးတို့ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းအား အတည်ပြုချက်ရယူခြင်းနှင့် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(GEC)၏ နာယက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။