"End Poverty Day 2020" အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဘဏ်မှ ဦးဆောင်၍ Virtual debate event ကျင်းပ
အောက်တိုဘာ(၁၇)ရက်နေ့တွင် ကျရောက်မည့် "End Poverty Day 2020" အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဘဏ်မှ ဦးဆောင်၍ Virtual debate event ကို (၁၅.၁၀.၂၀၂၀)ရက်နေ့၊နံနက်(၁၀း၃၀)နာရီအချိန်တွင် World Bank ၏ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။အဆိုပါ အခမ်းအနားကို ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGO နှင့် ပုဂ္ဂလိကဏ္ဏမှ ကိုယ်စားလှယ်များ၊ကျွမ်းကျင်ပညာရှင်များ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။