ASEAN Development Outlook Online Discussion ကို (၂၄.၇.၂၀၂၀)ရက်နေ့၊နေ့လယ်(၁း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင်၍ ASEAN Development Outlook (ADO) သည် အာဆီယံဒေသတွင်း အားလုံးအကျုံးဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများ၏ လက်ရှိအခြေအနေ၊အခက်အခဲစိန်ခေါ်မှုများ၊အခွင့်အလမ်းများ၊အတွေ့အကြုံသင်ခန်းစာများ၊အလေ့အကျင့်ကောင်းပုံစံများအား ဘက်ပေါင်းစုံလွှမ်းခြုံသော ဆန်းစစ်ချက်တစ်ရပ်ပြုလုပ်ခြင်း ASEAN Development Outlook Online Discussion ကို (၂၄.၇.၂၀၂၀)ရက်နေ့၊နေ့လယ်(၁း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMRDPE) အလှည့်ကျ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် သည် (Social Welfare and Well-Being)အစီအစဉ်၌တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ(၅၁)ဦး Video Conferencing စနစ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။