ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၇.၇.၂၀၂၀)ရက်နေ့၊နံနက်(၉း၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးမှု၊ကျန်ရှိမှုနှင့် CFW,VRFP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ရုံးချုပ်မှ ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး/ပြည်နယ် (၁၇)ခုမှ ဦးစီးမှူးများ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။