Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှစတုတ္ထအကြိမ်ကွင်းဆင်းစစ်ဆေး ( ၂၂.၂.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ)

22 February 24

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှစတုတ္ထအကြိမ်ကွင်းဆင်းစစ်ဆေး ( ၂၂.၂.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ)

မိုးညှင်း၊ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းစားသုံး ဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှ ဖေဖော်ဝါရီ၂၁ ရက် နံနက်(၁၀)နာရီအချိန်က စတုတ္ထအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်း ထွန်းဝင်းနှင့် ဝန်ထမ်းများ၊ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့်စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်အတူမိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်တွင်ရှိသည့် မြတ်သုခဆီစက်လုပ်ငန်းအားစစ်ဆေးခဲ့ကြရာဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှရာသီချိန်ကုန်လွန်သွားပြီဖြစ်၍ယခင်ကကြိတ်ထားသည့်မြေပဲဆီများကိုရောင်းချနေပါကြောင်း၊ (၁၀)ပိဿာဝင်ဆီပုံး(၆၀)ခန့်သာကျန်ရှိတော့ပါကြောင်းနှင့်  ကဆုန်၊နယုန်လများတွင်ကုန်ကြမ်းဖြစ် သည့် မြေပဲဆံများ ဝယ်ယူရရှိနိုင်ရေး ကိုချိတ်ဆက်ဆောင်ရွက်နေပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းအား ယခုထက်ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များအားဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါမြတ်သုခဆီစက်လုပ်ငန်းသည်မိုးညှင်းမြန်မာ့စီးပွားရေးဘဏ်တွင် ချေးငွေကျပ်သန်း ၅၀ ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ရာသီချိန်ကာလတွင်နေ့စဉ်ဆီပိဿာ (၂၀၀)ခန့် ထွက်ရှိကြောင်း၊၎င်းမြေပဲဆီများကို ကချင်ပြည်နယ်‌ဒေသတွင်းအပြင်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကိုလည်း ဖြန့်ချိရောင်းချလျက်ရှိကြောင်း သိရှိရသည်။

(၂၂.၂.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ၊စာမျက်နှာ(၈)၊ကော်လံ(၃/၄)တွင်ပါရှိသည်။