မိုးကောင်းမြို့နယ်ရွှေအင်းကျေးရွာတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး (၁၉.၂.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ
မိုးကောင်း ၊ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ရွှေအင်းကျေးရွာအုပ်စု၊ရွှေအင်းကျေးရွာ၌ တတိယအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမ ပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကိုဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မေဝင်း ကမြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန် ၊မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်း ကွာဟမှု ကိုလျော့ချနိုင်စေရန် ရည်ရွယ်၍ရန်ပုံငွေများထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ၊ အသင်းသား၊ အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက် များ နှင့်အညီချေးငွေရယူ သည့်လုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်ကြရန်၊ရန်ပုံငွေလေလွင့် မှု မရှိစေရေးနှင့် ၊ကျေးလက်ဥပဒေပါပြဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်း တာဝန်ခံ က ရွှေအင်းကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၅၀သိန်း လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ရွှေအင်းကျေးရွာရှိ စိုက်ပျိူးရေး လုပ်ငန်းလုပ်ကိုင်သူ(၁၂၂)ဦးကိုငွေကျပ် ၂၇၁ သိန်း ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင် သူ(၃၆)ဦးကို ငွေကျပ် ၇၂ သိန်း ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၃)ဦးကိုငွေကျပ် ခုနစ်သိန်း စုစုပေါင်း အသင်းသား၊အသင်းသူ (၁၆၁)ဦးကို ငွေကျပ်သိန်း(၃၅၀) ထုတ်ချေးပေးခဲ့ကြောင်းမိုးကောင်းမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မေဝင်း ထံမှသိရသည်။
(၁၉.၂.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာစာမျက်နှာ(၅)၊ကော်လံ(၁/၂/၃/၄)တွင်လည်း ကောင်း၊(၁၉.၂.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊စာမျက်နှာ(၈)၊ကော်လံ(၃/၄)တွင်လည်း ကောင်းပါရှိသည်။