Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်တောင်နီကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး (၁၈.၂.၂၀၂၄)ရက်နေ့ ရတနာပုံသတင်းစာ

18 February 24

မိုးကောင်းမြို့နယ်တောင်နီကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး (၁၈.၂.၂၀၂၄)ရက်နေ့ ရတနာပုံသတင်းစာ

မိုးကောင်း၊ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးကျေးလက်ထုတ်ကုန် ထွက်ကုန်များ ကုန်စည်စီးဆင်းမှု လျင်မြန်လွယ်ကူစေရန်အတွက် တောင်နီကျေးရွာအုပ်စု၊တောင်နီကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဖေဖော်ဝါရီလ ၁၆ ရက်နံနက် ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ တာဝန်ခံအင်ဂျင်နီယာတို့နှင့်အတူ တောင်နီကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကုမ္ပဏီတာဝန်ခံ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ် မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်း အရည်အသွေးပြည့်မီရေး အလေးထားဆောင် ရွက် ကြရန်ဆွေးနွေးမှာကြားသည်။

တောင်နီကျေးရွာ၌ လမ်းအရှည်၃၃၀၀ ၊ အကျယ် ၁၂ ပေ၊အမြင့်မြေသား နှစ်ပေ နှင့် သဲကျောက် ကိုး လက်မရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရခွင့်ငွေ ကျပ် ၆၆ ဒသမ ၂၁၇ သန်းဖြင့်ဆုလာတ်ဖော်ကုမ္ပဏီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တတတိယပတ်မှ စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၇၅ %ပြီးစီးပြီဖြစ်ရာ အဆိုပါကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီး ပါက တောင်နီကျေးရွာရှိ ဒေသခံများ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူ လျင်မြန်လာမည်ဖြစ်ကြောင်းသိရသည်။

 (၁၈.၂.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ၊စာမျက်နှာ(၂၅)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။