Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ရေတွင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

17 February 24

မိုးကောင်းမြို့နယ်ရေတွင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ  ထုတ်ချေး 

(၁၅.၂.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာနှင့် (၁၇.၂.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ

မိုးကောင်း ၊ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစတင်ဆောင်ရွက်ခဲ့သည့် ထုံးရေပေါက် ကျေးရွာ၌ တတိယအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကိုဖေဖော်ဝါရီ ၁၃  ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးထွန်ထွန်းဝင်း ကမြစိမ်းရောင်ကျေးရွာ စီမံကိန်းသည်ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန် ၊မိသား စုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့်အတန်း ကွာဟမှု ကိုလျော့ချနိုင်စေရန် ရည်ရွယ်၍ရန်ပုံငွေများထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ၊ အသင်းသား၊ အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များ နှင့်အညီ ချေးငွေရယူ သည့်လုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်ကြရန် ၊ ရန်ပုံငွေလေလွင့်မှု မရှိစေရေးနှင့် ၊ကျေး လက်ဥပ‌ဒေပါပြဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ထုတ်ချေပေးရာတွင်  မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၆၆ သိန်းလွှဲပြောင်း ပေးအပ်သည်။

ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ရေတွင်းကုန်းကျေးရွာရှိ စိုက်ပျိူးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၈ )ဦးကိုငွေကျပ် ၁၀၆ သိန်း ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင် သူ(၃၄)ဦးကိုငွေကျပ် ၁၈၄ သိန်း ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၁၃)ဦးကိုငွေကျပ် ၇၆ သိန်း  စုစုပေါင်းအသင်းသား၊အသင်းသူ (၆၅)ဦးကို ငွေကျပ် (၃၆၆) သိန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

(၁၅.၂.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာစာမျက်နှာ(၈)ကော်လံ(၄/၅/၆)တွင် လည်းကောင်း၊ (၁၇.၂.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၇) ကော်လံ(၅/၆)တွင်လည်းကောင်း ပါရှိသည်။