မိုးညှင်းမြို့နယ်ဟဲလုံကျေးရွာ၌ (၇၇) နှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဘက်စုံသုံးခန်းမ ဆောင်ဖွင့်လှစ်(၁၂.၂.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း၊
မိုးညှင်း၊ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေ ၊ကျေးရွာပြည်သူမှထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီရိရတနာဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နံနက်၁၀ နာရီမှာ ဟဲလုံခေတ်မီစံပြ ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသီရိရတနာဘက်စုံသုံးခန်းမဆောင်ဖွင့်ပွဲတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၍ဥက္ကဌဦးညီညီလွင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့်ကျေးရွာကော်မတီဥက္ကဌဦးစိုင်းတင်လှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တက်ရောက်လာကြသည့်ကျေးရွာကော်မတီဝင်များ၊တိုင်းရင်းသားရိုး ရာစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ဒေသခံကျေးရွာပြည်သူများနှင့်စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးကြကြောင်းသိရသည်။[L1]
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်းတို့က အမှာစကားများပြောကြားကြပြီး ဟဲလုံခေတ်မီစံပြကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ကြပြီး အကပဒေသာများဖြင့်ကပြဖေျာ်ဖြေခဲ့ကြသည်။
ဟဲလုံခေတ်မီစံပြကျေးရွာမှာ သီရိရတနာဘက်စုံသုံးခန်းမဆောင်ကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့်လည်းကောင်း၊ မြစိမ်း ရောင်ကျေးရွာ စီမံကိန်း အတိုးရငွေကျပ် သိန်း ၂၀၀ ဖြင့်လည်းကောင်း၊ ကျေးရွာပြည်သူမှထည့်ဝင်ငွေ ကျပ် သိန်း ၈၀ ဖြင့် လည်းကောင်း၊ စုစုပေါင်းငွေကျပ် သိန်း ၄၃၀ တို့ဖြင့် ပြည်သူလူထုပူးပေါင်းကာ အလျားပေ ၆၀ ၊ အနံပေ ၃၀ နှင့် အမြင့် ၁၂ ပေရှိ အုတ်နံကပ် တစ်ထပ်အဆောက်အဦအား ၂၀၂၃ခုနှစ် သြဂုတ်လတတိယပတ်မှာ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ စတုတ္ထပတ်မှာ လုပ်ငန်း များဆောင်ရွက် ပြီးစီးခဲ့သဖြင့် ၎င်းခန်းမဆောင်အား အိမ်ခြေ ၃၀၅ အိမ်၊ လူဦးရေ ၁၄၉၆ ဦးတို့အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍစုံအသုံးပြုနိုင်မည်ဖြစ်ပြီး များစွာအကျိုးပြုသွားမှာဖြစ်ကြောင်းသိရသည်။
(၁၂.၂.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၁၀:၀၀)သတင်းတွင်ပါရှိသည်။