Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြံခင်းမြို့နယ် ရင်းတိုက်ကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး

14 February 24

၁၄-၂-၂၀၂၄

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ပက်မခမ်းကျေးရွာအုပ်စု၊ရင်းတိုက်ကုန်းကျေးရွာ၌ ရေရရှိရေးဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် တာဝန်ခံအင်ဂျင်နီယာများက ရင်းတိုက်ကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။