မလှိုင်မြို့နယ် ကျင်းသာ(ရ)ကျေးရွာ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေကွင်းဆင်း
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကုန်းတဲကျေးရွာအုပ်စု၊ ကျင်းသာ(ရ)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ် ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဦးစီးအရာရှိ ဒေါ်အေးမိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ကုန်းတဲကျေးရွာအုပ်စု၊ ကျင်းသာ(ရ)ကျေးရွာအား စိုက်ပျိုးရေး လုပ်ငန်းဖြင့် (၁၀၉)ဦး၊ ထုတ်ချေးငွေ(၅၇.၅)သန်းဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။