ဒေသခံပြည်သူများသောက်သုံးရေအဆင်ပြေစေရန် ဝမ်းတွင်းမြို့နယ်၊လိန်ပင်အုပ်စု၊ကျောင်းကုန်း ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း (မူလ) ရန်ပုံငွေဖြင့် Triple Thar Co;Ltd မှလိန်ပင်အုပ်စု၊ကျောင်းကုန်းကျေးရွာ ရေရရှိရေး လုပ်ငန်းအားတင်ဒါအောင်မြင်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
ကျောင်းကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်း တင်ဒါအောင်မြင်ငွေမှာ (၄၉.၆၂၈)သန်းဖြစ်ပြီး ၄.၅Ø PVC ၅၀၀’ စက်ရေတွင်း (3 HP Submersible Pump) ဆိုလာတပ်ဆင်ခြင်း (380 watt- 18 pcs)၊ ဂါလံ (၅၀၀၀) အုတ်ရေကန်၊ ၂" Ø ၄၀၀၀' ပိုက်လိုင်းသွယ်ခြင်း၊ (၁၀၀'x၅') ၊ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ ပါဝင်ပါသည်။ ကျောင်းကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းအား ၂၆.၆.၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ ပြီး ယခုအခါ (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး အိမ်ခြေ(၁၀၀) အိမ်၊ လူဦးရေ (၅၁၉) ဦးအား အကျိုးပြုမည်ဖြစ်ပါသည်။