Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သာစည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာတွင် ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

13 February 24

သာစည်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာတွင် ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

 

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သော ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာတွင် ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ အသိပညာပေးဟောပြောပွဲ

ကျင်းပခဲ့ပါသည်။

            ထိုသို့ အသိပညာဟောပြောပွဲကျင်းပရာတွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း (Smart Village) ကျေးရွာဖြစ်သော ကြက်မောက်ကျေးရွာ၌သာစည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များမှ ကျန်းမာရေးနှင့် ပတ်သတ်ပြီးဆောင်ရန်/ရှောင်ရန် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ပညာပေး ဟောပြောခြင်း၊သက်ကြီးဘိုးဘွားမျာ၊ (၅)နှစ်အောက်ခလေးများနှင့် ကိုယ်ဝန်‌ဆောင်မိခင် များအားကျန်းမာရေးစောင့်ရှောက်မှုအသိပညာပေးဟောပြောဆွေးနွေးပွဲနှင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝစေမည့် ကြက်ဥများဝေငှ ထောက်ပံ့ခြင်း၊အမျိုးသမီးဆိုင်ရာကျန်းမာရေး ဗဟုသုတများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ပါသည်။